အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း။ Email: [email protected] Ph : ၀၁-၂၃၀၁၅၈၂

admin

Worldwide Fund for Nature (WWF) အဖွဲ့အစည်းနှင့် ပူးပေါင်းကာ

ရော်ဘာစိုက်ပျိုးခြင်းဖြင့် ဇီဝမျိုးကွဲ အမျိုးမျိုး (biodiversity) များ ထိန်းသိမ်းရေးနှင့် သဘာဝသက်ရှိများ (wildlife) ရေရှည်တည်တံ့နိုင်စေရးအတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ “Towards Natural Rubber Sustainability in Myanmar” အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့

လက်ရှိရော်ဘာမျိုးများစိုက်ပျိုးနေမှု အခြေအနေနှင့် စမ်းသပ်သုတေသနပြုလေ့လာခြင်း မပြုရသေးသော ရော်ဘာမျိုးသစ်များ၏အလားအလာ။

လက်ရှိအခြေအနေတွင် ရော်ဘာခြံစိုက်ပျိုးသူများမှာ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ စိုက်ပျိုးရန် ထောက်ခံထားသော ရော်ဘာမျိုးများကိုစိုက်ပျိုးလျှက်ရှိနေသလို မြန်မာနိုင်ငံတွင်လုံး၀စမ်းသပ်သုတေသနပြုလေ့လာခြင်းမပြုရသေးသော ရော်ဘာမျိုးသစ်များ (အထူးသဖြင့် RRIM 2000 SeriesClones ) များကိုလည်း တိုးချဲ့စိုက်ပျိုးလာလျှက်ရှိနေပါသည်။ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ စိုက်ပျိုးရန်ထောက်ခံထားသော ရော်ဘာမျိုးများမှာမြန်မာနိုင်ငံတွင် နှစ်ကာလအတန်ကြာ စမ်းသပ်ထားသော မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များမှ တွေ့ရှိချက်များ၊၎င်းအပြင် ဒေသအသီးသီးတွင် စီးပွားဖြစ်ရော်ဘာစိုက်ခင်းများမှ တွေ့ရှိချက်များအရ ထောက်ခံထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖေါ်ခဲ့သော ရော်ဘာစီမံကိန်းစတင်ခဲ့သည့် ၁၉၅၆-၅၇ ခုနှစ်ဝန်းကျင်က တင်သွင်းခဲ့သော မျိုးဟောင်းများမှ ရွေးချယ်ခဲ့သောမျိုးများ (RRIM 600, GT1, RRIM 623, PR 107) နှင့် ရော်ဘာပြန်လည်ထူထောင်ရေးစီမံကိန်းအကောင်အထည် ဖေါ်ခဲ့စဉ်ကာလများ ၁၉၈၀ ပြည့်လွန်နှစ်များက တင်သွင်းခဲ့သော မျိုးသစ်များမှရွေးချယ်ခဲ့သော မျိုးများ (PB 260, PB 235, PR 255,

မြန်မာ့ရော်ဘာအထွက်နှုန်း တိုးမြင့်လာရေးနှင့် စိုက်ပျိုးသင့်သောရော်ဘာမျိုးများ မှန်ကန်စွာရွေးချယ် စိုက်ပျိုးရေးအတွက် ဆောင်ရွက်ရန်အကြံပြုချက်

မြန်မာနိုင်ငံ၏ တစ်ဧကရော်ဘာအထွက်နှုန်း လတ်တလော တိုးတက်ထွက်ရှိလာရေး၊၎င်းအပြင် ရေရှည်တွင်လည်း မြင့်မားလာရေးအတွက် ဆောင်ရွက်သွားနိုင်ရန် အောက်ပါအတိုင်းအကြံပြုအပ်ပါသည်။ (၁) မြန်မာ့ရော်ဘာတစ်ဧကအထွက်နှုန်း တိုးတက်လာရေးအတွက် အထက်အပိုဒ်-၃တွင် ဖေါ်ပြထားသည့်အတိုင်း ရေတိုအစီအမံအနေနှင့် လက်ရှိအစေးထုတ်ရော်ဘာခြံများမှ အထွက်နှုန်းများ လတ်တလော တိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် ရေရှည်တွင်လည်း အထွက်နှုန်းမြင့်မားလာရေးအတွက် ရေရှည်ဗျူဟာအနေနှင့် စိုက်ပျိုးမည့်ဒေသ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီသော အထွက်ကောင်းရော်ဘာမျိုးများကို ရွေးချယ်စိုက်ပျိုးရန်နှင့် ယင်းမျိုးများ မျိုးစစ်မျိုးမှန်ဖြစ်ရေး အတွက် စီမံစီစဉ်ဆောင်ရွက်ရန်။ (၂) ရော်ဘာခြံအထွက်နှုန်းရေရှည်တိုးတက်လာရေးအတွက် စိုက်ပျိုးသည့်မျိုးမှာ အဓိကအကျဆုံးဖြစ်သည့်အတွက် ဒေသအလိုက် စိုက်ပျိုးသင့်သည့် ရော်ဘာမျိုးများထောက်ခံမှုစံနစ်ကို ခိုင်မာသောစမ်းသပ်လေ့လာ သုတေသနပြုမှုအဖြေများကိုအခြေခံ၍ ထောက်ခံချက်ပေးနိုင်ရန်အတွက်ဆောင်ရွက်ရန်။ ဤသို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ ရော်ဘာသုတေသနပညာရှင်များနှင့် တိုးချဲ့ရေးပညာရှင်များ၊ ပုဂ္ဂလိကရော်ဘာခြံရှင်များ၊ မြန်မာနိုင်ငံရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်းမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များပါဝင်သောရော်ဘာ မျိုးရွေးချယ်ထောက်ခံရေးကော်မတီ (Rubber Planting Recommendation Committee)ကို ဖွဲ့စည်းဆောင်ရွက်စေရန်။

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ လက်ရှိစိုက်ပျိုးရန် ထောက်ခံထားသော ရော်ဘာမျိုးများ နှင့် ဆက်လက်ဆောင်ရွက်နေသော ရော်ဘာမျိုးသုတေသနလုပ်ငန်းများ

ရော်ဘာမျိုးနှင့်ပတ်သက်၍ မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းတွင်ရော်ဘာစီမံကိန်း စတင်အကောင်အထည်ဖေါ်ခဲ့သော ၁၉၅၆-၅၇ ခုနှစ်မှစတင်ကာ ခေတ်အဆက်ဆက် ပြောင်းလဲလာသော ဌာနအဖွဲ့အစည်းများ အသီးသီးအနေနှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ နိုင်ငံတစ်ကာမှ ရော်ဘာမျိုးများအားတင်သွင်းခဲ့ပြီး မြန်မာနိုင်ငံအတွက် အလားအလာကောင်းမည်ဟု ယူဆသောမျိုးများကိုရွေးချယ်ကာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များကို စိုက်ပျိုးခဲ့ပြီး သုတေသနပြု လေ့လာခဲ့ကြပါသည်။ ဤသို့ပြုလုပ်ဆောင်ရွက်ချက်များအရ ယနေ့မြန်မာနိုင်ငံတွင် စိုက်ပျိုးသင့်သော ရော်ဘာမျိုးများအား ရွေးချယ်ထောက်ခံနိုင်ခဲ့ပါသည်။ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းအနေနှင့် ဤသို့ရေရှည် သုတေသနပြု တွေ့ရှိချက်များအရလည်းကောင်း ဒေသအသီးသီးတွင် စိုက်ခင်းများမှ လက်တွေ့သိရှိရသော ထွက်ရှိမှု၊ ကြီးထွားမှု၊ရောဂါဒဏ်ခံနိုင်ရည်ရှိမှု စသောအချက်အလက်များအရလည်းကောင်း၊ ဒေသအလိုက် စိုက်ပျိုးသင့်သော ရော်ဘာမျိုးများကို အောက်ပါအတိုင်းထောက်ခံထားပါသည်။ – မိုးရေချိန် အများအပြား (လက်မ ၁၈၀ နှင့် အထက်) ရွာသွန်းကာ ခြောက်သွေ့သော ဒေသများ (မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်)တွင်စိုက်ပျိုးရန် မျိုးများ –

မြန်မာ့ရော်ဘာအထွက်နှုန်း တိုးတက်မြင့်မားလာရေးအတွက် ရေတိုရေရှည်အစီအမံများ နှင့် ဒေသအလိုက်စိုက်ပျိုးသင့်သော အထွက်ကောင်းမျိုးများရွေးချယ်စိုက်ပျိုးရေး

မြန်မာနိုင်ငံ၏ တစ်ဧကရော်ဘာအထွက်နှုန်းမှာ အခြားရော်ဘာစိုက်အိမ်နီးချင်းနိုင်ငံများ၏ အထွက်နှုန်းထက်များစွာ လျော့နည်းလျက်ရှိနေပါသည်။ ရော်ဘာခြံစိုက်ပျိုးခြင်းမှာ ငွေကြေးအရင်းအနှီS;များစွာ အကုန်အကျခံ၍ ရေရှည်ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းဖြစ်ပါသည်။ တစ်ဧကရော်ဘာအထွက်နှုန်း မြင့်မားမှသာလျှင် ရေရှည်အကျိုးအမြတ်များ ပိုမိုရရှိကာ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုတွက်ခြေကိုက်မည်ဖြစ်ပါသည်။ ထို့ကြောင့်မြန်မာ့ရော်ဘာ အထွက်နှုန်းတိုးမြင့်လာစေရန်အတွက် ရေတိုရေရှည်အစီအမံများ စံနစ်တစ်ကျချမှတ် ဆောင်ရွက်ရန်လိုအပ်နေပါသည်။ ရေတိုအစီအမံ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားလာရေးအတွက် ရေတိုအစီအမံအနေနှင့် လက်ရှိအစေးထုတ်လုပ်နေသော ရော်ဘာခြံများ၏ အထွက်နှုန်းတိုးလာအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မှန်ကန်သောအစေးလှီးစံနစ် (လှီးကြောင်းအစောင်းဒီကရီ၊ အနက်၊ အခေါက်ကုန်နှုန်း၊စသည်များ) အတိုင်း အစေးလှီးခြင်း၊ အစေးလှီးရက် များများရအောင်ဆောင်ရွက်ခြင်း၊ မြေဩဇာများ ဖြည့်ဆည်းထည့်သွင်းခြင်း၊ မျိုးအလိုက်ခံနိုင်ရည်ရှိသော အစေးလှီးနှုန်း (tapping intensity)ဖြင့် အစေးလှီးခြင်း၊ အစေးထွက်လှုံ့ဆော်ဆေး အသုံးပြု၍ အစေးလှီးခြင်း စသည်များဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းများ လတ်တလော အထိုက်အလျောက် တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ရေရှည်ဗျူဟာ ရော်ဘာခြံတစ်ခြံ၏

မြန်မာနိုင်ငံ၏လက်ရှိတစ်ဧကရော်ဘာအထွက်နှုန်း

မြန်မာနိုင်ငံ၏ရော်ဘာအထွက်နှုန်းမှာ ၁၉၉၀-၉၁ ခုနှစ်အထိ တစ်ဧကပေါင် (၃၀၀) မှ(၃၃၀) ထွက်ရှိခဲ့ပါသည်။ ၂၀၀၀-၀၁ ခုနှစ်တွင် (၅၁၀) ပေါင် နှင် ၂၀၀၇-၀၈ ခုနှစ်တွင်(၅၃၀) ပေါင် သို့ အသီးသီးတိုးမြင့်လာပါသည်။ လက်ရှိအထွက်နှုန်း တစ်ဧကပေါင် (၅၃၀) မှာအခြားရော်ဘာစိုက်ပျိုးသော အိမ်နီးချင်းနိုင်ငံများ၏ အထွက်နှုန်းဖြစ်သော တစ်ဧကပေါင်(၁၀၀၀-၁၅၀၀) ၏ သုံးပုံတစ်ပုံနှင့် ထက်ဝက်ခန့်သာရှိနေပါသည်။ မြန်မာနိုင်ငံ၏တစ်ဧကရော်ဘာအထွက်နှုန်းများ ခုနှစ် တစ်နှစ်တစ်ဧကရော်ဘာပေါင် ၁၉၈၀-၈၁ ၃၀၃.၁၆ ၁၉၉၀-၉၁ ၃၂၉.၁၅ ၂၀၀၀-၀၁ ၅၁၃.၃၃ ၂၀၀၅-၀၆ ၅၃၀.၀၆ ၂၀၀၆-၀၇ ၅၃၂.၁၃ ၂၀၀၇-၀၈ ၅၃၇.၃၄ အိမ်နီးချင်းနိုင်ငံများ၏တစ်ဧကရော်ဘာအထွက်နှုန်းများ (၂၀၀၄ ခုနှစ်) နိုင်ငံ တစ်နှစ်တစ်ဧကရော်ဘာပေါင် ထိုင်း ၁၅၉၅ အိန္ဒိယ ၁၄၈၅ ဗီယက်နမ် ၁၂၅၈ မလေးရှား ၁၁၄၄

Copyright@MRPPA 2019.