အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း။ Email: [email protected] Ph : ၀၁-၂၃၀၁၅၈၂






၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) အသင်း နှင့် DENKO Trading Co., Ltd တို့ပူးပေါင်း၍ သဘောတူညီချက်စာချုပ် (MoA) ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ UMFCCI တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဥက္ကဋ္ဌဦးအောင်မြင့်ထူး (MRPPA) နှင့် အထွေထွေမန်နေဂျာ ဦးသစ္စာမိုးသိန်းဌေး(DENKO Trading Co., Ltd)တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်း၏ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းနှင့်ပြည်နယ်ရှိ ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ ရော်ဘာ Exporterကုမ္ပဏီများ နှင့် DENKO မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အသင်းအနေဖြင့် မိမိတို့၏ အသင်းဝင်ကုမ္ပဏီများ၊ ခြံရှင်များ၊ ရော်ဘာကုန်ကြမ်း၊ ရော်ဘာကုန်ချော ထုတ်လုပ်သည့် စက်ရုံများ၊ အစေးရည်မှ RSS ထုတ်လုပ်သည့် စက်ရုံများအတွက် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်၍ ထိုအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။