အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း။ Email: [email protected] Ph : ၀၁-၂၃၀၁၅၈၂

September 6, 2020

အမေဇုန် မိုးသစ်တောထဲက စားသုံးရန် သင့်လျော်တဲ့ အပင်အများစုအား လွန်ခဲ့သော နှစ်ပေါင်း ၄,၅၀၀ ကျော်က လူသားတွေ စိုက်ပျိုးခဲ့ကြတယ်ဆိုတာကို လေ့လာမှုအသစ်က တွေ့ရှိခဲ့တယ်။ ရေရှည်တည်တံ့မည့် အစာထုတ်လုပ်ရေးရဲ့ သော့ချက်အတွက် ခေတ်သစ် လယ်သမားဟာ ဤရှေးဟောင်း သစ်တောဥယျာဉ်ဆရာများအပေါ် အာရုံစိုက်သင့်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၄,၅၀၀ ကျော်က ရှေးဟောင်းလူသားများဟာ horticulture (သစ်သီးဝလံပန်းမန်စိုက်ပျိုးရေး) သို့မဟုတ် permaculture (သဘာဝမိခင်ကြီးအား အတုယူတဲ့ စိုက်ပျိုးရေး) အဖြစ် သိကြတဲ့ စိုက်ပျိုးရေးပုံစံ တခုကို ကျင့်သုံးနေခဲ့ ကြပါတယ်။ သုတေသီများက ဤအရာအား အခုအခါမှာ ကျွန်တော်တို့ အဲဒီနေရာမှာ တွေ့ရတဲ့ စားသုံးရန် သင့်လျော်တဲ့ အပင်များရဲ့ ထူးကဲသော အလျှံပယ်ရှိခြင်းရဲ့ လက်သည် အဖြစ် ကောက်ချက်ချခဲ့ကြပါတယ်။
rainforest ထဲက သစ်သီးပင်များရဲ့ ထူထဲတဲ့ အလျှံပယ်ရှိခြင်း ဟာ သူ့တို့ဘာသာ သူတို့ ပေါက်လာတာ မဟုတ်ပါဘူး။ လူသားတွေက သူတို့ကို ဖြန့်ချထားခဲ့တာပါ။
အစားအစာ ထုတ်လုပ်ခြင်း အတွက် “သစ်တော ဥယျာဉ်စိုက်ပျိုးခြင်း” နည်းလမ်းရဲ့ ကာလရှည် အောင်မြင်မှုဟာ ခေတ်သစ်လယ်သမားများ/စိုက်မွေးသမားများအတွက် ရေရှည်ခံနိုင်စွမ်းရှိခြင်း နမူနာ ပုံစံအဖြစ် ထမ်းဆောင်တယ်လို့ သူတို့က ပြောပါတယ်။
ဒီလေ့လာမှုဟာ အင်္ဂလန်နိုင်ငံ University of Exeter က ရှေးဟောင်း သုတေသန ပညာရှင်တွေ၊ “ရှေးဟောင်း ရှင်သန်မှု ပုံစံ နဲ့ ပတ်ဝန်းကျင် အကြား ဆက်စပ်မှု တုံ့ပြန်မှု ဆိုင်ရာ ဂေဟဗေဒပညာရှင်” (paleoecologist)တွေ၊ ရုက္ခဗေဒပညာရှင်တွေ နဲ့ ဂေဟဗေဒ ပညာရှင်တွေပြုလုပ်ခဲ့ကြတဲ့ ထိုဒေသထဲမှာ လူသားတို့ ကာလရှည် မြေအသုံးချမှု ရဲ့ ပထမဆုံး အသေးစိတ် သမိုင်း ဖြစ်ပါတယ်။
ကောက်ပဲသီးနှံပင်များအား ဧရိယာသစ်တွေမှာ စတင်စိုက်ပျိုးခြင်း၊ စားသုံးနိုင်တဲ့ သစ်ပင်မျိုးစိတ်များရဲ့ အရေအတွက်ကို မြှင့်တင်ခြင်း နဲ့ မြေဆီလွှာရဲ့ အဟာရဓါတ် ပါဝင်မှုကို မွမ်းမံဖို့ မီးအသုံးပြုခြင်းဖြင့် လူသားများဟာ“မတို့ဘဲ (ချန်ထား)”သည်ဟုထင်ရသည့် မိုးသစ်တောအပေါ် ကြီးကျယ်သော သက်ရောက်မှု ရှိခဲ့တယ် ဆိုတာကို ၎င်းက ပြပါတယ်။
ဘရာဇီး အရှေ့ပိုင်းမှာ နှစ်ပေါင်း ၄,၅၀၀ လောက်စောတဲ့ အချိန်ကပင် ဖူးစားပြောင်း၊ ကစွန်းဥ၊ ပလောပီနံဥ နဲ့ ဖရုံမျိုးတို့အား စိုက်ပျိုးခဲ့တဲ့ အထောက်အထားကို ဤလေ့လာသူများက တွေ့ရှိခဲ့ပါတယ်။
လယ်သမားများဟာ rainforest ရဲ့ အောက်လွှာရှင်းခြင်း တချို့ကို ကျင့်သုံးသည်ဆိုရာတွင် ဥရောပသားတွေ ဆိုက်ရောလာစဉ် ကတည်းက အမေရိကတိုက်ကြီး မြင့်တွေ့ခဲ့တဲ့ သစ်တောများ အပြောင်ခုတ်လှဲခြင်းမျိုး လုံးဝမဟုတ်ပါဘူး။ သစ်တောရဲ့ အမိုး (canopy) ဟာ မြေဆီလွှာ နဲ့ ကောက်ပဲသီးနှံပင်များရဲ့ အကာကွယ်ပေးတဲ့ အရာတခုအဖြစ် ပကတိအတိုင်း ကျန်ရစ်ပါတယ်။
“ရှေးဟောင်း ရပ်ရွာအသိုင်းအဝိုင်းများဟာ စိုက်ပျိုးရေးအတွက် rainforest ရဲ့ အောက်လွှာ သစ်ပင် အချို့ နဲ့ ပေါင်းပင်တွေအား သေချာပေါက်ရှင်းခဲ့ပုံ ရသော်လည်း သူတို့ဟာ သူတို့အား အစာတွေ ထောက်ပံ့ပေးနိုင်မယ့် စားသုံးရန် သင့်လျော်တဲ့ အပင်တွေနဲ့ ကြွယ်ဝနေတဲ့၊ ပိတ်နေတဲ့ အမိုး (canopy)လွှာ ရှိတဲ့ သစ်တောအား ထိန်းသိမ်းခဲ့ကြပါတယ်” လို့ လေ့လာမှုကို ဦးဆောင်သူ Amazonian paleoecologist ယိုရှီ မေဇူမီ က ပြောပါတယ်။
မြေဆီလွှာအား ဆုတ်ယုတ်စေပြီး မြေနေရာ နောက်တခုမှာ ရှင်းလင်းဖို့ ရွှေ့ပြောင်းနေခြင်းထက် ရှေးဟောင်း သစ်သီးဝလံပန်းမန် စိုက်ပျိုးသူများဟာ မြေတနေရာတည်းကိုပဲ တိရိစ္ဆာန် ချေး နဲ့ အစာ အမှိုက်များ (မြေဆွေးများ) ထည့်ပေးလျှက် ထပ်ခါထပ်ခါ အသုံးပြုပါတယ်။
“လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူများဟာ Amazonian Dark Earths (အမေဇုန် အမဲရောင် မြေကြီး) ဟု ခေါ်သည့် အဟာရဓါတ် ကြွယ်ဝတဲ့ မြေဆီလွှာ တမျိုးကို ပြုလုပ်ခဲ့ကြတယ်” လို့ မေဇူမီက ပြောပါတယ်။ “စိုက်ပျိုးရေးအတွက် အပြောင်ရှင်းတဲ့ မြေတွေ တိုးချဲ့ခြင်းအစား သူတို့ဟာ မြေဆီလွှာအား အဆက်မပြတ် အားဖြည့်ပြီး ပြန်လည် အသုံးချခြင်းတို့ ပါဝင်တဲ့ နည်းလမ်း တခုဖြင့် စိုက်ပျိုးခဲ့ကြတယ်။ အဲဒါက စိုက်ပျိုးရေးရဲ့ အများကြီး ပိုပြီးရေရှည်တည်တံနိုင်တဲ့ နည်းလမ်း တခု ဖြစ်ခဲ့ပါတယ်”။
“ဒါက ဒီနေ့ခေတ် မြေကို အသုံးပြုနေပုံဖြစ်တဲ့ အမေဇုံထဲက မြေဧရိယာ အများကြီးကို ရှင်လင်းပြီး စက်မှုလုပ်ငန်း ဆိုင်ရာ ပမာဏ ရှိတဲ့ ဂျုံ၊ စပါးတွေ၊ ပဲပုပ်တွေ စိုက်ပျိုးခြင်း နဲ့ ကျွဲနွား စားကျက်မြေ အတွက် စိုက်ပျိုးနေတာနဲ့ အတော်ကြီး ကွာခြားပါတယ်။ ခေတ်သစ် သစ်တောများ ကာကွယ်ပုံနဲ့ ပါတ်သက်ပြီး စီမံခံခွဲရေး ဆုံးဖြတ်ချက်များ အတွက် သတင်းများ ထောက်ပံ့ဖို့ သဘာဝဝန်းကျင် ချစ်မြတ်နိုး သူများဟာ အမေဇုံထဲက ဒေသခံ မြေယာအသုံးချမှုကနေ သင်ခန်းစာတွေ သင်ယူနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”။
ဖာမားကာလ်ချား စိုက်ပျိုးရေးသမား နဲ့ Gaia’s Garden ရဲ့ စာရေးဆရာ ဖြစ်တဲ့ Toby Hemenway က အမေဇုန် rainforest ဟာ နှစ်များစွာ အကြာက လူလုပ် သစ်တောဥယျာဉ် တခု ဖြစ်ခဲ့တယ်လို့ မှန်းဆချက်ကို ပြုခဲ့ပါတယ်။ မြောက်အမေရိက နေရာအများအပြားဟာ ဥရောပတိုက်သားတွေ ရောက်မလာခင်က လူလုပ် အစာသစ်တောများ ဖုန်းလွှမ်းနေခဲ့တယ်လို့ လည်း သူက ယုံကြည်ပါတယ်။
“သစ်ပင်တွေဟာ သစ်ကြားသီး၊ သစ်အယ်သီး၊ hickory ခွံမာသီး၊ beech ခွံမာသီးများ နဲ့ ဝက်သစ်ချသီးများနဲ့ ပြွတ်ခဲ နေခဲ့ကြပြီး မြစ်တွေကလည်း လမ်းဖြတ်လျှောက်လို့ပင် မရနိုင်အောင် ဆယ်လမွန်ငါးတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်လို့” သူကပြောပါတယ်။ “ကံမကောင်း အကြောင်းမလှစွာပဲ ထို အစားအစာများကို ဂရုစိုက် ထိန်းကျောင်းခဲ့ကြတဲ့ လူတွေဟာ မျိုးဖြုတ်ခံခဲ့ကြရပါတယ်။ ။
(မူရင်း post က AUGUST 1, 2018 နေ့က တင်ထားခဲ့တဲ့ post တခုပါ။ အဲဒါကို အခုမှတွေ့ပြီး ဘာသာပြန်တာပါ။)
ဒီ ပို့စ် အတွက် ကိုးကားထားတဲ့ မူရင်းကို ရေးသားသူက သူရေးတဲ့ ပို့စ်တွေကို အွန်လိုင်းမှာတင်ထားတဲ့ ရောင်းကုန်တွေနဲ့ link လုပ်ထားလေ့ ရှိပါတယ်။ ထို link တွေကနေတဆင့် စာဖတ်သူက ပစ္စည်း တခုခု ဝယ်ယူခဲ့လျှင် ရောင်းသူထံကနေ သူ့အတွက် အကျိုးအမြတ် အနည်းငယ် ရရှိမယ့် သဘောပါ။ အဲဒါ အကြောင်း အသေးစိတ်ကိုတော့ သေသေချာချာတော့ မသိပါဘူး။ အခုလည်း စိုက်ပျိုးရေးရဲ့ ရေရှည်တည်တံ့မယ့် အစားထိုးရွေးချယ်စရာအဖြစ် Hemenway ရဲ့ စာအုပ် “Gaia’s Garden forest gardening” ထဲကနေ အစာဥယျာဉ် စိုက်ပျိုးခြင်းကို လေ့လာပါ ဆိုပြီး link ပေးထားပါတယ်။
ထို link များ ကို မူရင်း post ထဲမှာ တွေ့နိုင်ပါတယ်။ မူရင်းစာရေးဆရာရဲ့ ပို့စ်ကို ဒီမှာကြည့်ပါ။

https://www.facebook.com/637701879748616/posts/1660892127429581/?extid=kv9nMpbjUxDE2Tve&d=n

[email protected] 2019.