အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း။ Email: [email protected] Ph : ၀၁-၂၃၀၁၅၈၂

October 25, 2017

…..1996 မှာစ စိုက်တဲ့ ကျွန်တော်နဲ.ဘော်ဒါများရော်ဘာပင်တွေဟာ 2002 မှာထင်တယ်၊စခြစ်လို.ရလို. ရော်ဘာထုတ်တွေရလာပါပြီဗျာ။ ရောင်းဖို.ဈေးကွက်ရှာတော့ အောင်ဆန်းမှာရှိတဲ့ ဖိနပ်စက်ရုံနဲ.ချိတ်မိပါတယ်။ စလုပ်ကတဲက Ko Myo Nyunt ကြီးကြပ်လုပ်ပေးလေတော့ ဖောမစ်အက်စစ်နဲ.ဇကာများများသုံးပြီးမှိုင်းတင်ပြီး RSS 1 အဆင့်ပေါ့ဗျာ။ ကောင်းကောင်းထုတ်တော့ ဝယ်သူ မမိုးတို.က ဈေးလဲ ကောင်းကောင်းပေးခဲ့ပါတယ်။အများကြီးလဲမဟုတ်ဘူးဗျ။ခြံ၃ခြံပေါင်းမှ..တပါတ် Double Cab ကားတစီးစာ အထုတ် ၁၅ထုတ်အထုတ်၂၀လောက်ဘဲရမယ်ထင်တယ်။ စက်ရုံကချက်ခြင်းရှင်းပေးလိုက်တဲ့ ပိုက်ဆံကို ဝေယူကြတာ နဲပေမဲ့..အရမ်းပျော်ခဲ့ပါတယ်။ ခုတရက်ကို တချို.ခြံတွေဆိုအထုတ်၂၀လောက်ထွက်ပေမဲ့ ဟိုတုန်းကလောက်မပျော်ပါဘူး၊ဆပ်ရမဲ့ ကြွေးကိုယ်ဆီရှိနေများနေတယ် ဆိုတော့၊
…………..ခြံထဲမှာအထုတ်တွေချိန်တော့လဲ ရွှေတိဂုံဘုရားလမ်းက ပြည်တွင်းဖြစ်ကတ္တား သုံးတယ်။စက်ရုံက ဝယ်တော့လဲ ဒါမျိုးဘဲထင်တယ်။ပေါင်လျော့တယ် မပြည့်ဘူး ဆိုတာ မကြားရဘူး၊
…………နှစ်ကြာလာတော့ အထွက်ကများလာတယ်။ဒစ်ဂျစ်တယ်ကတ္တားတွေပေါ်လာတော့ ဝယ်ပြီးသုံးကြတယ်။အရောင်းဈေးကွက်ကလဲ ကြီးလာတော့ Company တခုကိုသွားရောင်းတယ်ခင်ဗျ။သူတို.ကနံမည်ကြီး Avery Scales အင်္ဂလန်က ကတ္တားကြီးနဲ.ချိန်တယ်။လျော့တယ်တဲ့ ဖြတ်ချခံရတယ်။ကျွန်တော်တို.ထဲက သူငယ်ချင်းတယောက်က မခံချင်လို.နောက်ကားတစီးကျတော့ ဒစ်ဂျစ်တယ်ကတ္တားကိုရော်ဘာထုတ်တွေပေါ်တင်ပေးလိုက်တယ်၊ကားသမားကိုလည်းမှာလိုက်တယ်။ဒါနဲ.ချိန်တာပါ သေချာချိန်ပေးပါလို.ပေါ့။အဲဒီကစပြီး လျော့တယ်ဆိုတဲ့အသံမကြားရတော့ပါ။
…………ကျွန်တော်တို.က စထုတ်ကတဲက RSS1 ကိုထုတ်ပါတယ်။အဲဒီကာလ မွန်ပြည်နယ် ရော်ဘာဒိုင်တွေကိုသွားကြည့်ရရင် လက်တလုံးမကထူတဲ့ရော်ဘာပြားကြီးတွေ အစိုဓါတ်ကလဲမကုန်၊နေလှန်းပြားပေါ့၊ အလေးချိန်တိုးအောင်သဲတောင်ပက်ထည့်ထားသေးတယ်။ပုတ်စော်အနံ.ကလဲ တထောင်းထောင်းဗျ။ ရောင်းသူက မသမာတော့လည်း ဝယ်သူက
ကတ္တားကိုကစားတော့တာပေါ့။ကစားတတ်တဲ့အကျင့်ပါနေလေတော့..အမှန်အကန်ရောင်းတဲ့သူတွေနဲ.လဲ ဆက်လက် ကစားနေကြတာပါ။
………နောက်တခုက ဈေး ပေါ့၊ ခုface book မပေါ်ခင်က ဟိုမေးဒီမေး ဈေးစုံစမ်းပြီးရောင်းပါတယ်။ face book ပေါ်လာပြီး Ma May Htar ဈေးလေးတွေတင်ပေးတော့ ကိုးကားရတာအဆင်ပြေသား၊ Company ကြီးတွေ ကလဲ ထောက်ခံတယ်ဗျ၊မေထားဈေးက နီးစပ်တယ်ပေါ့၊မေထားကိုအားပေးတယ် ကိုးကားတယ်ပေါ့၊ ဒါပေမဲ့ လဲ
လာပါပြီဗျား၊ ထိုးနှက်ချက်တွေက ဘာဖြစ်တယ်..ညာဖြစ်တယ်..စသဖြင့်ပေါ့၊အဓိက ..က ရောင်းသူတွေက..မေထားဈေးကို ..ကိုးကားပြီး အရည်အသွေးအလိုက်..
နီးနီးစပ်စပ်လိုချင်တယ်။ဝယ်သူတချို.က သူတို.လုပ်ဆောင်နေကျအတိုင်း.. ဈေးနှုန်းသတင်းကိုမှောင်ချပြီး..သူတို.ပေးချင်ရာပေးလာတဲ့အခါ..မေထားကို အပုပ်ချလာတာမျိုး တိုက်ခိုက်ပြောဆိုလာတာမျိုး..လုပ်လာတဲ…အခါ..မေထားလဲ စိတ်ပျက်လာတဲ.အခါ …ကျွန်တော့်ကို ဖွင့်ပြောလာပါတယ်။ကိုယ့်တူမအရင်းလို ..ရင်းရင်းနှီးနှီးပြောလို.၇နေတော့..မေထားရယ်..နင်ဝယ်နိုင်တဲ့ဈေးကို..နင်ဖြတ်ပေးတာဘဲ..မပေါက်တဲ့ဈေးကို..ဆွပေးတာမှမဟုတ်ဘဲ..ဘာညာကွိကွ အားပေးရတာအခါခါပါ။
……..ဒစ်ဂျစ်တယ်ကတ္တားတွေ ဆိုတာကလဲတိကျပါတယ်။မမှားတတ်ပါဘူး၊တခါတခါ ဘက်ထရီလဲပြီးတဲ့အခါ..Display ခေါင်းလဲတဲ့အခါ..လွဲတတ်ပါတယ်။ဒါကိုကိုယ်က စံအလေးတုန်းတခု ဆောင်ထားပြီး ပြန်ဆကြည့်ရပါတယ်။မှားနေတယ်ထင်ရင် ရောင်းလိုက်တဲ့ Company ကိုပြန်ခေါ်ပြီး Calibration လုပ်ဖို.လိုပါတယ်။အဲဒီတော့ (၁)စံအလေးတုန်းထားပြီးနေ.တိုင်းပြန်သုံးသပ်ပါ၊ (၂) မှားနေတာတွေ.ရင် Company ကိုပြန်ခေါ်ပြီး Calibration လုပ်ပါ။
………..ကိုယ့်ဆီမှာ Calibration လုပ်ထားတဲ့ လက်မှတ်ကိုတွေ.တာနဲ. အဝယ်Company တွေကလေးစားပါတယ်။ကိုယ့်ပုံရိပ်ကို ကိုယ်ထိမ်းကြပါ။
………..ကျွန်တော်သုံးနေတဲ့ ဒစ်ဂျစ်တယ် ကတ္တား Company သူဌေးဟာ
ကျွန်တော်နဲ.ခင်ပါတယ်။ Calibration လုပ်တဲ့အခါ မသမာတဲ့သူတွေ လုပ်ကြံမှာ စိုးလို. password ကိုဖြေပြီးမှ..လုပ်လို.၇အောင်စီစဉ်ထားပါတယ်တဲ.။
…………ပြောချင်တာက ရောင်းသူ..ဝယ်သူတွေဟာ အပြန်အလှန်မှီခိုနေရပါတယ်။အကျိုးတူစီးပွားဖက်တွေပါ။ မင်းလုပ်လို.ငါလုပ်တယ်၊နောက်လူလဲ ငါမယုံဖူးဆိုလို.ကတော့ ပေါက်ပင်နားတဲ့ဗျိုင်းဇာတ်လမ်းလို..ပါဘဲ။ကျွန်တော်တို.မြန်မာရော်ဘာလောက ကြီး တိုးတက်လာဖို.အကြောင်းမရှိပါ။
………..ဒါတွေကြောင့် ရော်ဘာလောကသားတို.ယုံကြည်ရမည့်…Central Market ..ကြီးတခုဖြစ်လာအောင်..MRPPA က ရည်ရွယ်ထားပါတယ်။ပြည်တွင်းပြည်ပ ရောင်းသူဝယ်သူများ တယောက်ကို တယောက် မလှည့်ဖျားကြေးပေါ့၊ ဖြစ်ချင်တာဘဲစိတ်က
ရှိနေပေမဲ့..အခက်အခဲ..အများကြီးပါ..မဖြစ်စေချင်တဲ.သူတွေလဲ..ရှိနေမှာပါ။အားလုံး ကျွန်တော်ပြောချင်တာကိုနားလည်ပေးကြပါ။အားလုံးဝိုင်းတွန်းရင်ရွေ.မှာပါ ဆိုတဲ့ ခေတ်ပေါ်စကားလေးလိုပါဘဲ။ အားလုံးအားကို လိုပါတယ်။ကျွန်တော်တို.အသက်အရွယ်နဲ.မမှီသည့်တိုင်အောင်..နောင်မျိုးဆက်တွေကြ ဖြစ်လာရလေအောင်ပါ။
……..ရော်ဘာဈေးများ တက်လာပြီး ရော်ဘာအမျိုးအပေါင်းတို. ကျန်းမာချမ်းသာကြပါစေ။

[email protected] 2019.