အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း။ Email: [email protected] Ph : ၀၁-၂၃၀၁၅၈၂

September 9, 2021

” မြန်မာ့RSS1တွေလည်း နိုင်ငံတကာRSS1‌ေတွလိုပေါက်ဈေးမရဘူးလား ဖြေပေးစေလိုပါတယ် .”.လို.ရော်ဘာ အမျိုးတယောက်ကမေးလာပါတယ်..
အဲဒီမေးခွန်းက သူတင်မဟုတ်ပါဖူး..ကျွန်တော် သိလိုနေတာ နှစ်ပေါင်း ၂၀လောက်ရှိနေပြီထင်ပါရဲ့..ခုသိပြီလား လို.ဆိုရင်..သိသလောက်လေးတော့ ဖြီးဖြန်းပြောပါ့မယ်…မှားချင်လည်းမှားမယ် မှန်ချင်လည်းမှန်မယ်..ကုန်သည်လောက ကိုဝင်တိုးရတဲ့ စိုက်ပျိုးရေးသမားတယောက်အနေနဲ…မာယာတောထဲ ဝင်မိတဲ့ သမင်လေးလိုပါဘဲ..
နံပါတ်(၁)..အရည်အသွေး
RSS Grades နဲ.ပါတ်သက်လို. ကျွန်တော်တို.နိုင်ငံမှာကိုးကားလာတဲ့ Green Book ဆိုတာ ကျွန်တော် မမွေးခင်ကတဲက ရှိနေခဲ့တယ်ထင်ပါတယ်..ကျွန်တော်တင်ပေးခဲ့ဘူးပါတယ်..အားလုံးဟာ မျက်လုံးအမြင်နဲ.သတ်မှတ်ဆုံးဖြတ်ပေးတာတွေချည်းပါဘဲ..အရင်ကသိခဲ့တာ က Natural Rubber RSS 1..2..3..4..5..ပေါ့နော်..ကိုဂျပန်ကြီးတို.ခြံထဲလာပြီး ‌ပြောပြတော့မှ RSS 1 မှာ 1A..1B..1C..စသဖြင့် ထပ်ခွဲသေးတယ်ဗျ..အင်တာနက်ခေါက်ကြည့်တော့..ဘယ်တုန်းက ဘယ်အကောင်က အားအားယားယား ထပ်ရှည်လိုက်သလဲမသိဘူး…
RSS 1X ဆိုပြီး X=A or B or C ဆိုပြီးရှိနေတာအမှန်…ထောင်ကြည့်လို.မြင်ရတဲ့အမှိုက်စ ပိစိလေးတွေကိုသုံးသပ်တယ်လို.ဘဲဆိုပါ့မယ်..ဒါနဲ.ဘဲပြီးမယ်မအောင့်မေ့နဲ..လာပြန်ပြီ…TSR တွေမှာဘဲ သတ်မှတ်ခဲ့တဲ့.. P0..Pri..Mooney ..စတာစတာတွေကို RSS မှာလာစေ့စပ်ကြောင်းလမ်းပြီးတော့…RSS Premium..ဆိုပြီး ထပ်မွေးလာပြန်တယ်..ဒါကလည်း အရာရာတိုးတက်ကြံဆနေတဲ့လောကဓါတ်ကြီးထဲမှာ လက်ခံပေးရမှာပါ..ဖုန်းကိုဘဲကြည့်လိုက်..ပွတ်လို.မရရင် ..ဖုန်းလို.မသတ်မှတ်ကြတော့ဖူးလေ..
နံပါတ်(၂)..စျေးကွက်နဲ.အရောင်းအဝယ်
ပြဿနာက ဒီမှာစတာဘဲ..ဟိုမှာဟိုလိုဖြစ်လို.ဒီကိုရောက်လာတယ်ဆိုပါတော့..Bridgestone Tire ကပညာရှင်တွေ မြန်မာနိုင်ငံကRSSရော်ဘာတွေကိုတခြံစီ ကိုသဘောကျလို.ဂျပန်ဓါတ်ခွဲခန်းတွေမှာယူပြီးစမ်းတဲ့အခါ စတွေ.တာဘဲ.တခြံနဲ.တခြံ ဒေသတခုနဲ.တခု..Po..Pri.Mooney..မတူတာတွေ..ကိုတွေ.လာပါတယ်..ရော်ဘာတွေက.ကောင်းတော့ကောင်းတယ်..မတူတာတွေအတွက် တာယာလုပ်ဖို. အရောအစပ်တွေလုပ်ရတဲ့အခါ ပြဿနာပေါ့..ထွက်တာက လည်း တအိုးချက်စာလုံလုံလောက်လောက်လောက်မရ..ရင့်တဲ့ကောင်ကရင့်..မီးပိုပေးလိုက်ရင် နုတဲ့ကြက်သားတွေက ပြော့ပြဲကုန်သလိုထင်ပါရဲ့(ကျွန်တော်ဟင်းမချက်တတ်ပါ)..
အရည်အ​သွေးကလည်းတ​ပြေးတည်းအညီများများစားစားရနိုင်ရင်ပြဿနာမရှိ..တအိုးချက်စာ လုံလုံလောက်လောက်ပေါ့၊ဒါ‌ ကြောင့်လားမသိ.ဧက၁၀၀၀‌ ကျော်ခြံရှင်ကြီးတချို့Singaporeကိုသွား ပြီးတာယာစက်ရုံ ကြီးတချို့နဲ့သွားစကားပြောတဲ့အခါ တလကိုမင်းတို.ကွန်တိန်နာအလုံး(….)ပေးနိုင်မလားတဲ့..ဘာရမလဲ..ခေါင်းကုတ်ဖင်ကုတ်ပြီးပြန်လာရတာပေါ့.. ကျွန်တော်တို့အားလုံးပေါင်းမှသူလိုချင်တဲ့ ၁၀ရာခိုင်နှုန်းပြည့်မှာ မဟုတ်ပါ။
တကယ်လို.သာ အရည်အသွေးကောင်းကောင်းတပြေးထဲညီ လုံလုံလောက်လောက်ပေးနိုင်တယ်ကွာလို…ရင်ကော့‌ပြောနိုင်ပြီဆိုရင်..ကန်ထရိုက်စျေးစကားစ‌ပြောရပါလိမ့်မယ်..ခုအစမှာ..ရည်ညွှန်းချက် နိုင်ငံတကာစျေးကွက်တခုရဲ့ပေါက်စျေးထက် ရာခိုင်နှုန်းတခုအလျော့နဲ. ပေါ့..
နောင်နှစ်နောင်နှစ်တွေမှာ တဖြည်းဖြည်းစျေးတက်ပေးပါလိမ့်မယ်..တ‌ယောက်နဲ.တယောက်စောင့်ကြည့်ရင်းနဲ.ပေါ့..
ကျွန်တော်တို.အများစု မညီပါ..ညီညီညွတ်ညွတ်..တိုင်တိုင်ပင်ပင်..ညှီညှိနှိုင်းနှိုင်း ..အမြင်တွေနည်းပညာတွေဖလှယ်ကြဖို.လိုပါပြီ..
တချို.ခြံရှင်ကြီးတွေညီညီညွတ်ညွတ်.စုစည်းပြီးတော့ တာယာစက်ရုံအလတ်စားတွေကိုရောင်းလို.ရနေပါပြီ..စျေးကုန်မရပါ..(ပွဲစားခံနေလို.)..အမြဲလည်းမဝယ်ပါ..(မြန်မာတွေအကြောင်းသိနေလို…)…..
MRPPA အနေနဲ. စိတ်ကူးရှိသလို ကြိုးစားနေပါတယ်..ထိုင်းအခြေစိုက်ပြည်တွင်း Company ကြီးတခုကိုလက်တွဲပြီးတော့ပါ..လွယ်လွယ်ကူကူတော့မဟုတ်ဖူးပေါ့..ကိုဗစ်ကာလရယ်..တရုတ်နဲ.ဒေါ်နွှယ်ထွန်းတို.သောက်စကားများပြီး ကုန်သွယ်ရေးစစ်ဖြစ်နေတာရယ်(အခြားသောထုတ်မ‌‌ပြောသင့်သော)..စတာစတာတွေပေါ့..
MNRQTL ဓါတ်ခွဲခန်းဖြစ်မြောက်အောင်လုပ်ရတာလည်း စျေးအမှန်ရရေးဗျူဟာထဲက တခုပါ..ခုအောင်မြင်သွားပါပြီ..တန်းပြီးတော့ ပေါက်စျေးအမှန်ရဖို.ကိုနီးစပ်လာပြီဆိုပါစို…..
……ဒါနဲ.ဘဲမပြီးသေးပါ…..ဆက်ရေးရမှာအရှည်ကြီးပါ…
(ခုရေးထားတာအားလုံးဟာ ကျွန်တော်စိတ်ထဲတွေးမိတာတွေပါ.. MRPPA ရဲ့အာဘော်လို.မယူဆပါနဲ…အောင်မြင်လာခဲ့ရင် MRPPAကိုအားပေးပါ..မဟုတ်တာတွေ..ကွာလို.အပြစ်တင်ချင်ရင်ကျွန်တော့်ကိုဘဲအပြစ်တင်ပါ..)
+++ဘာကြောင့်နိုင်ငံတကာစျေးမရတာလည်း မေးခွန်းပိုင်ရှင်ကိုတွေးတွေးဆဆနဲ.ဘဲအဖြေရှာစေချင်ပါတယ်..
(မှတ်ချက် ..ထားဝယ်ရွှေပြည်ကရော်ဘာညီအစ်ကိုများ ‌တာယာစက်ရုံဈေး စ ရ‌ နေပြီလို့သိရပါတယ်၊တဖြည်းဖြည်းချင်းတော့ရလာမယ်ထင်ပါတယ်)

[email protected] 2019.