အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်း။ Email: [email protected] Ph : ၀၁-၂၃၀၁၅၈၂

September 16, 2017

ခုတင်ပေးလိုက်တာကတော့ မျိုးမြင့်သာယာခြံ(၁)ရဲ့ စက်ရုံ၊မှိုင်းရုံ၊မှိုင်းခံအဆင့်ခွဲ၊ထုတ်ပိုးရုံပုံစံဖြစ်ပါတယ်။တကယ်တန်းဆိုရင် မှိုင်းရုံ(၁)နှင့်(၂)တို.ဟာရှေ.နောက်တန်းစီမထားဘဲ။ဘေးတိုက်ယှဉ်လျက်ထားဖို.ပါ။လျာထားခြံထားတဲ့ မြေနေရာဟာ အလိုင်နီဆည်ဆောက်လိုက်တော့ ရေမြုပ်သွားတဲ့အတွက် ကျန်ရှိနေတဲ့ မြေကျဥ်းကျဉ်းမှာဆောက်လိုက်ရတဲ့အခါ ဒီလိုဘဲရွေးချယ်ဆောက်လိုက်ရတာပါ။နောက်ထပ်မှိုင်းရုံ(၃)ဖြစ်လာခဲ့ရင်တောင် စဉ်းစားရခက်ပါတယ်။ဒါကြောင့် ခြံကြီးတည်မဲ့သူတွေဟာမှိုင်းရုံလိုအပ်ချက်ကိုကြိုတွေးပြီး မြေချန်ထားရပါ့မယ်။နဂိုကျွန်တော်ချန်ထားတာက တဧကလောက်ရှိပါတယ်။
ရော်ဘာခြံထဲကယူလာတဲ့ အစေးရည်တွေဟာ စက်ရုံနဲ.ဘေးမှာရှိတဲ.စုဆောင်းကန်( Bulking Tank)ထဲကိုအရင်ထည့်ပြီးစုရပါမယ်။အပင်သက်တမ်းမတူမှု မျိုးမတူမှုတို.ကြောင့် DRC မတူတာတွေ အရောင်မတူတာတွေကို ရောမွှေပြီး ညီအောင်လုပ်ခြင်းပါ။ ထည့်ရင်းနဲ. ဇကာထဲမှာဖြတ်သန်းရင်းကွင်းထဲကပါလာတဲ့အမှိုက်တွေကိုစစ်ထုတ်ဖယ်ပြစ်ရပါ့မယ်။DRC စံတခုရအောင် ရေနဲ.ရောပြီး အစေးခဲကန်ထဲကို ပိုက်(သို.)ရေတံလျောက်နဲ.သွန်ထည့်ရပါမယ်။

အစေးခဲခြင်း ကြီတ်ခြင်းတို.ကိုတော့အကျယ်မချဲ့လိုတော့ပါ။စက်ရုံ၊မှိုင်းရုံ ၊ထုတ်ပိုးရုံ တို.အတွက်ဖြစ်သင့်တဲ့ layout design လေးကို ပြောချင်တာပါ။ အဓိက ကတော့ အရည်အသွေးမှီမှိုင်းခံရော်ဘာပြားရဖို.မရှိမဖြစ်တဲ့ မှိုင်းရုံပုံစံလေးပြောမလို.ပါ။

မှိုင်းရုံတွေမှာအဓိက Continuous Type နဲ. Batch Type ဆိုပြီး၂မျိုးကိုတော့သိထားပါတယ်။နောက်တီထွင်နေကြတဲ့ ပုံစံတွေကိုတော့မပြောတတ်တော့ပါ။
ကျွန်တော်သုံးနေတာကတော့ Continuous Type ပုံစံပါ။ လှည်း၈စီးဆန်.ပါတယ်။လှည်းတစီးကို..ပေါင်၅၀၀ခန်.ဆန်.ပါတယ်။စက်ရုံကအပြားကြိတ်ပြီး…. ရော်ဘာပြားတွေကိုလှည်းပေါ်တင်ပြီးတာနဲ.သံလမ်းအတိုင်း ရေစစ်ရုံထဲကို ..အရင်ဆုံး တွန်းထည့်ပြီး ၆နာရီမှ ၁၀နာရီ အထိ(ခြံရှင်တယောက်နဲ.တယောက်မတူကြပါ)၊ ရေစက်စက်..စက်စက်..ကျနေတာကို ကုန်သည် ..အထိ..ရေစစ်ထားရပါ့မယ်။ရေစက်ကျတာမကုန်ခင်မှိုင်းရုံထဲကိုထည့်လိုက်ရင် ရေငွေ.များပိုများလာတဲ့အတွက်..မှိုကပ်နိုင်လို.ပါ။

ရေစစ်ရုံကို နေရောင်တိုက်ရိုက်ထိခြင်းကိုဂျပန်တွေမကြိုက်ကြပါ။နေရောင်ကြောင့် ရော်ဘာအရည်အသွေးကျတယ်လို.ပြောပါတယ်။တချို.ခြံရှင်တွေကတော့နေရောင်ထဲထုတ်လှမ်းတတ်ပါတယ်။ရေစစ်ပြီးပြီဆိုရင်လှည်းတွေကိုမှိုင်းရုံထဲ စထည့်ပါတယ်။ စထည့်တဲ့မှိုင်းရုံအစဟာ ၄၀ဒီဂရီ စင်တီဂရိတ်ထက်မကျော်ရပါ။အရမ်းပူခဲ့ရင် ကြိတ်ပြီးကာစ ရော်ဘာပြားများထဲမှာခိုအောင်းနေတဲ့..လေပူဖောင်းများရုတ်တရက်ထလာခြင်းကြောင့် ရော်ဘာပြားတွေမှာမလိုလားအပ်တဲ့လေပူဖောင်း ..အကြီးအသေးများဖြစ်တတ်လို.ပါ။

ကျွန်တော့် မှိုင်းရုံတွေမှာ မှိုင်းမီးထိုးပေါက်တွေကို စက်ရုံနဲ.ဝေးရာတဖက်စွန်းနားမှာကပ်ထားတာတွေ.ကြရပါမယ်။လိုချင်တဲ့အနေအထားက မီးထိုးပေါက်နဲ.နီးရင်ပိုပူမယ်(၅၀ မှ ၅၅ ဒီဂရီစင်တီဂရိတ်ခန်.) (မှိုင်းရုံကထွက်ကာနီးအကျက်ထိုးရတာပါ) မီးထိုးပေါက်နဲ.ဝေးတဲ့ ..စက်ရုံကစထည့်တဲ့အပေါက်မှာအပူနည်းမယ်။(၄၀ ဒီဂရီခန်.)။ရည်ရွယ်ချက်က မှိုင်းရုံထဲ စထည့်ရင်မီးအားပျော.ပျော.နဲ.ဆို ပထမရက်၊ဒုတိယရက်မှာ ဒုတိယလှည်းများဝင်လာခဲ့ရင်..ပထမလှည်းများက အတွင်းကိုပိုရောက်သွားမယ်။ပိုပူလာမယ်။တတိယနေ. တတိယနေရာကိုရောက်ရင်ပိုပူလာမယ်။နောက်ဆုံး၄ရက်မြောက်နေ.အပူဆုံးနေရာကိုရောက်ပြီးရင်..ရေဓါတ်လည်းကုန်မှိုင်းလဲဝအောင်ပါ။

ကျွန်တော့်အနေနဲ.တရက်ကိုမှိုင်းလှည်း၂စီးတွက်ပြီး ၄ရက်စာ မှိုင်းလှည်း၈စီးဆန်.တွက်ပြီးလုပ်ထားခြင်းပါ။ဒါကတော့ ကိုယ့်ခြံထွက်အားနဲ.မှိုင်းလှည်းကိုတွက်ပြီး..မှိုင်းရုံအရှည်ကိုလုပ်ကြပါ။တခြံနဲ.တခြံမတူနိုင်ပါ။အခြေခံသဘောထားကိုနားလည်သလောက်ပြောပြ..နေခြင်းပါ။
Batch Type ကတော့ ရော်ဘာ အဝယ်ဒိုင်တွေသုံးသလို မှိုင်းရုံကိုတနေ.ထက်တနေ.မီးပိုမြှင့်ပြီးအထဲကရော်ဘာပြားတွေကိုမရွေ.ဘဲမှိုင်းထိုးသွားခြင်းပါ။
ကျွန်တော်မကျွမ်းကျင်ပါသဖြင့်၊အတိအကျမပြောတတ်ပါ။အထူးပြောချင်တာက ဘာType ကိုဘဲသုံး သုံး.. layout design လေးစဉ်းစားပြီးမှ..လုပ်ကြပါ။စက်ရုံ..ပြီးရင်..မှိုင်းရုံ..ပြီးရင်..မှိုင်းပြားအရည်သွေးခွဲခြင်းနဲ.ထုတ်ပိုးခြင်း..စတာတွေကို တန်းစီပြီးသားဖြစ်ဖို.လိုပါတယ်။ထုတ်ပိုးရုံရဲ့တဖက်အဝမှာ ကားတင်ဖို.နေရာလုပ်ပြီးတင်လိုက်ရင် စံနစ်ကျပါတယ်။တတ်နိုင်သမျှ အလုပ်သမားအင်အားနည်းနည်းသုံးရအောင်၊အလုပ်သမားတွေလုပ်ရတာသက်တောင့်သက်သာရှိဖို.ပါ။ကျွန်တော်ရဲ့ Bulking Tank ထဲသွန်မယ့်နေရာကို ရော်ဘာအစေးသယ်လာတဲ့ကားက ဘေးချင်းယှဉ်ရပ်လိုက်တာနဲ. အမြင့်ချင်းတူနေရပါမယ်။ဒါမှာအလုပ်သမားများကလဲ လွယ်လင့်တကူ ကားပေါ်မှလောင်းထည့်လို.အဆင်ပြေပါ့မယ်။ကြိတ်ပြီးတာနဲ.အနားမှာရှိတဲ့ စတီးကန်ထဲရော်ဘာပြားများ..ပြစ်ထည်.လိုက်မယ်။စတီးကန်ထဲကမှတဆင့် ဆွဲယူလိုက်တာနဲ.အနားမှာမှိုင်းလှည်းပေါ်တင်နိုင်၇ပါ့မယ်။ မှိုင်းလှည်းတစီးစာပြည့်တာနဲ.မှိုင်းရုံထဲအလွယ်တကူတွန်းထည့်လို.ရအောင် သံလမ်းများကိုမှိုင်းရုံအလယ်မှာလုပ်ပေးထားရပါ့မယ်။ မှိုင်းရုံတဖက်ကမှိုင်းကျက်ပြီးရော်ဘာလှည်းများကိုတွန်းလိုက်တာနဲ. မှိုင်းပြားအဆင့်ခွဲမဲ့ အလုပ်သမား..တွေ ထုတ်ပိုးရုံထဲမှနေ..အလွယ်တကူယူလို.ရနေရပါ့မယ်။မှိုင်းပြား RSS အဆင့်ခွဲပြီးပြီးရင် ဖိစက်ဖိမဲ့နေရာ..ပြီးရင်..သိုလှောင်မဲ့နေရာ..သိုလှောင်တဲ့နေရာမှ..ကားပေါ်တင်ရင်လဲ..လက်တွန်းလှည်းများနဲ.သက်တောင့်သက်သာတွန်းယူသွားလို.ရရင်..ထမ်းစရာမလိုပါ။
ထုတ်ပိုးရုံမှ မှိုင်းလှည်းအလွတ်များ ပြန်သယ်လို.ရအောင်သံလမ်းများကို..လမ်းလွဲှ လမ်းခွဲ(Shunting lanes) များလဲ လုပ်ထားရပါတယ်။ဒါတွေအားလုံးဟာ နဂိုအစဉ်အဆက်ရော်ဘာခြံကြီးများမှာလဲ ..လုပ်လေ့လုပ်ထ..ရှိပါတယ်။ဒါကို ပိုကောင်းအောင် ..ကျွန်တော် ခြံလုပ်သားများနဲ.တိုင်ပင်ပြီးတဖြည်းဖြည်းချင်းတည်ဆောက်ပြင်ရပါတယ်။ အထူးသဖြင့်ကျွန်တော့် မျိုးမြင့်သာယာ(၁)ရဲ့ မန်နေဂျာ ကိုစိုးအောင်Ko Soe Aung တို.စိတ်ကူးတွေလဲပါ နေပါတယ်။

Bulking Tank ထဲမှာမွှေဖို.ကို ဂျပန်တွေက တမိနစ်ကို ၅ပါတ် ဘဲလည်ရမယ်ဆိုတုန်းက လည်းစဉ်းစားရခက်တဲ့အချိန်မှာ လက်ကိုင်ဂွေနဲ.မွှေတဲ့စံနစ်ကို..သူကြံဆပြီး..ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ကျွန်တော်အလုပ်သမားမိသားစု များကို အမိန်.နဲ.ခိုင်းတာထက်..ညင်းခုန်ဆွေးနွေးခြင်းနဲ. အားလုံးရဲ့ဉာဏ်ရည်တက်လာတာကိုပိုလိုလားပါတယ်။ကျွန်တော် ချပေးတဲ့ plan တခုကို ခံငြင်းပြီးအပြုသဘောဝေဖန်တာကို ..ကျွန်တော်ပိုကြိုက်ပါတယ်။နောက်ဆုံးဆုံးဖြတ်ချက်ချသူကတော. .. ကျွန်တော်ပေ့ါလေ။
ဒါတွေကတော့ ကျွန်တော့်ခြံထဲမှာ..စက်ရုံမှသည်ထုတ်ပိုးရုံအထိ..လုပ်ငန်းစဉ်လေးပါ။တချို.မကြိုက်သူရှိနိုင်တယ်၊ပိုကောင်းအောင်လုပ်နိုင်သူလဲရှိနိုင်ပါတယ်။နမူနာယူချင်လဲယူ..နိုင်းယှဉ်..စိတ်ကူးလို.ရအောင်ပါ။ကျွန်တော်ကတိပေးထားတဲ့အတိုင်း ..တနသာၤရီ မြိတ်ကရော်ဘာညီအစ်ကိုများရဲ့တိုက်တွန်းချက်ကြောင့်ပါ။တိုင်းနဲ.ပြည်နယ်တော်တော်များများကလဲ ..လာရောက်ကြည့်ရှုထားပြီးဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လဲ..သူများလုပ်တာတွေကို..လိုက်လံအတုခိုး..နဲနဲပြင်ဆင်ပြီး..မျိုးမြင်.သာယာ(၂)မှာလုပ်ပါ့မယ်။အောင်မြင် မယ်၊ ပိုကောင်းတယ်ဆိုရင်လဲ..ခုလိုဘဲတင်ပေးပါ့မယ်။မသိသေးတဲ့..သူတွေအတွက်..အသိတခုလေးရသွားတယ်ဆိုရင်..ကျေနပ်ပါပြီ။

[email protected] 2019.